ဇနီးဖြစ်သူရဲ့အိပ်မက်ဖြစ်တဲ့ ကိုယ်ပိုင်ကျောက်မျက်ရတနာဆိုင်ကြီးဖွင့်လှစ်ပေးခဲ့တဲ့ပိုင်ဇေရဲထွန်း
- channel85myanmar

- Jan 19, 2019
- 1 min read
ပရိသတ်တွေ ချစ်ကြတဲ့ ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် ပိုင်ဇေရဲထွန်းဟာ အသက်အရွယ်တစ်ခုကို ရောက်ရှိနေပြီဖြစ်ပေမယ့် ခေတ်လူငယ်တွေ လိုက်မမှီနိုင်အောင် နုပျိုနေဆဲပါ။ ပိုင်ဇေရဲထွန်းရဲ့ နုပျိုနေမှုဟာ သူ့ကိုစိတ်ချမ်းသာမှုတွေပေးတဲ့ မိသားစုလေးကြောင့်လဲ ပါပါတယ်။ ပိုင်ဇေရဲထွန်းက ပရိသတ်တွေ အားကျရတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။

ပိုင်ဇေရဲထွန်းက လှပနုနယ်လွန်းတဲ့ ဇနီးချောလေးနဲ့ ချစ်စရာကောင်းတဲ့ အမေတူသမီးလေးတစ်ဦး၊ ချောမောလွန်းတဲ့ အဖေတူသားလေးနှစ်ဦးကို မွေးဖွားထားပါတယ်။ သားတွေ သမီးတွေကလဲ လိမ္မာသိတတ်လွန်းတာကြောင့် ပိုင်ဇေရဲထွန်းကတော့ သူ့ရဲ့မိသားစုလေးကို မျက်စိအောက်က အပျောက်မခံနိုင်အောင် ချစ်ပါတယ်။ မိသားစုကိုချစ်ပြီး အလိုလိုက်တတ်တဲ့ ပိုင်ဇေရဲထွန်းက ဇနီးချောလေးရဲ့ အိပ်မက်တစ်ခုကို အကောင်အထည်ဖော်ပေးလိုက်ပါပြီ။ အဲ့ဒါကတော့ မိသားစုဘဝမှတ်တိုင်လေးတစ်ခုဖြစ်စေတဲ့ စိန်ရွှေရတနာဆိုင်ကြီးတစ်ခုကို ဖွင့်လှစ်ပေးခဲ့တာပါပဲ။

ပိုင်ဇေရဲထွန်းက ” ကိုယ်တို့  မိသားစု လေးရဲ့ ဘဝ မှတ်တိုင်တခုသို့ …ကိုယ်တွေမိသားစုလေးရဲ့ အနာဂါတ်သို့ …သဲလေးအမြဲမက်တတ်တဲ့ အိမ်မက်လေးတစ်ခု(Juliaś Collection Gem & Jewellery)ဆိုတဲ့ ဆိုင်လေး, နောက်ထပ်ကိုယ်တွေမက်တဲ့ အိမ်မက်လေးကို အကောင်ထည်ပေါ်လာဖို့ အတတ်နိုင်ဆုံးနဲ့  အကောင်းဆုံးကြိုးစားမယ်လို့  အချိန်တိုင်း အချိန်တိုင်း ကြိုးစားနေရင်း…”ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားပါတယ်။

CREDIT

Comments