နဝဒေးတံတားပေါ်က ခုန်ချပြီး သေကြာင်းကြံတဲ့ အမျိုးသားရဲ့ ငိုအားထက် ရယ်အားသန် ဖြစ်သွားတဲ့ ဖြစ်ရပ်
- channel85myanmar

- Jan 25, 2019
- 1 min read

ငိုအားထက် ရယ်အားသန် အဖြစ် တံတားပေါ်ကခုန်ချတယ်ဆိုပြီး မိန်းမကို အချစ်စမ်းတဲ့
ငလူး … ငိုအားထက် ရယ်အားသန် အဖြစ်ပဲ မိန်းမ ဖြစ်သူအား အချစ်စမ်းတာပါတဲ့…
ပြည်ခရိုင် ပန်းတောင်းမြို့နယ် နဝဒေးတံတားပေါ်မှအမျိုးသားတစ်ဦး မြစ်ထဲသို့ ခုန်ချကာ မိမိကိုယ် ကိုယ်သေကြောင်းကြံစည်သွားကြောင်း ဇန်နဝါရီ(25)ရက်နေ့ နံနက်တွင် ဖုန်းဖြင့်ဆက်သွယ်၍ သတင်းပေးခဲ့ပါသည်။(သတင်းပေးရဲ့အသံဖိုင်လဲရှိပါသည်)။

အဆိုပါသတင်းပေးသည့် နဝဒေးတံတာပေါ်သို့သွားရောက်ကြည့်ရှု့ရာ တံတားတိုင်အမှတ်(2)နှင့်(3)အကြားတွင် အမျိုးသားစီး ကထ္ထီဗာဖိနပ် တစ်ရံတွေ့ရှိပြီး ဖိနပ်ထိပ်၌ဖုန်းနံပါတ်အား ရေးသားထားကြောင်းတွေရှိရသည်။

ဖစ်စဉ်နှင့်ပတ်သက်ပြီး နဝဒေးတံတား ရဲကင်းမှူးအားမေးကြည့်ရာ အမျိုးသားတစ်ဦးတံတားပေါ်ကခုန်ချသွားကြောင်း ၄င်းအားအကြောင်းကြားသဖြင့်လာရောက်ကြည့်ရှုကြောင်းသိရသည်။
ထို့နောက် မိသားစုများရောက်ရှိလာပြီး ဇနီးဖြစ်သူအား စစ်ဆေးမေးမြန်နေစဉ် တံတားပေါ်မှခုန်ချသည်ဟုဆိုသော အမျိုးသားသည် သစ်စိမ့်ပင်တွင်ရောက်ရှိနေကြောင်း မိန်းမဖြစ်သူအား သူ့အပေါ်ချစ်လား မချစ်ဘူးလား ဆိုတာ အချစ်စမ်းကြောင်း နဝဒေးတံတားရဲကင်းမှူး၏ ပြောပြချက်အရသိရသည်။
ပြည့်သဲမောင်– ပြည်သတင်း




Comments