၂၀၁၉ ခုနှစ်မှာ ပြန်လည်ရိုက်ကူးတော့မယ့်”အောင်ဆန်းရုပ်ရှင်”အတွက် ပြင်ဆင်မှုများစတင်
- channel85myanmar

- Jan 25, 2019
- 1 min read

၂၀၁၂ ခုနှစ်မှာ စတင်ရိုက်ကူးဖို့အတွက် ပြုလုပ်ခဲ့တဲ့ “အောင်ဆန်းရုပ်ရှင်” ကတော့ အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးခဲ့ပြီး လွန်ခဲ့တဲ့ ၇ နှစ်တာအတွင်းမှာလည်း ပရိသတ်တွေထံကို ၁၁မိနစ်စာ နမူနာ ဇာတ်ဝင်ခန်းအချို့ကိုပဲ ချပြနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဝေဖန်မှုတွေများစွာခံခဲ့ရတဲ့ “အောင်ဆန်းရုပ်ရှင်” ကတော့ ပြန်လည်ရိုက်ကူးဖို့အတွက် ပြင်ဆင်မှုတွေကို စတင်နေပြီဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည်ဇာတ်ရုပ်မှာ သရုပ်ဆောင်မယ့် ကိုကျော်ကျော်မျိုးနဲ့ နန့်ဇာခြည်လင်း တို့ကို မိတ်ကပ်နဲ့ အဝတ်အစားတွေအတွက် ပြင်ဆင်မှုတွေပြုလုပ်နေတဲ့ ပုံရိပ်တွေကို “အောင်ဆန်းရုပ်ရှင်” ဖေစ်ဘုတ် ပေဂ်ျ့ကနေ တင်ပေးလာတာဖြစ်ပါတယ်။

“အောင်ဆန်းရုပ်ရှင်” ရဲ့ ဇာတ်ညွှန်းကိုတော့ ဒါရိုက်တာညီညီထွန်းလွင်ကဦးဆောင်ပြီး ဒါရိုက်တာဇော်မြင့်ဦး ၊ဇာတ်ညွှန်းအောင်ကြီး၊ ဇာတ်ညွှန်း စိုးသီဟ၊ သရုပ်ဆောင်ဘုဏ်းသိုက် တို့က ပါဝင်ရေးသားခဲ့ကြတာဖြစ်ပါတယ်။ အနုပညာဖန်တီးရေးမှာတော့ ဒါရိုက်တာလူမင်းဥက္ကဌအဖြစ်ဦးဆောင်ပြီး ဒါရိုက်တာ ၈ဦး ပါဝင်တဲ့အဖွဲ့က ရိုက်ကူးမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ပရိသတ်တွေတိုင်းကတော့ အရမ်းကောင်းတဲ့ ရုပ်ရှင်ကားဖြစ်ဖို့ထက် ပီပြင်ပြီး သဘာဝကျတဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ဖို့ကို ပိုပြီးတော့ မျှော်လင့်နေကြပါတယ်။ ပရိသတ်တွေရဲ့ ထင်မြင်ချက်တွေကိုလည်း ပြောပြသွားခဲ့ပါဦး
CREDIT SM




Comments