top of page

မသန်စွမ်းနှင့် သက်ကြီးရွယ်အို များအဆင်ပြေစေရန် YBS 21 ယာဉ်လိုင်းမှ Disabled Bus များပြေးဆွဲရန်စီစဉ်

  • Writer: channel85myanmar
    channel85myanmar
  • Jan 25, 2019
  • 1 min read

သာမန်ခရီးသွားပြည်သူများကဲ့သို့ ပင် မသန်စွမ်းသူ လူ/ ပုဂ္ဂိုလ်နှင့် သက်ကြီးရွယ်အိုများအနေဖြင့် ခရီးသွားလာမှု့ အဆင်ပြေစေရန် Priority Seat များပါဝင်သည့် Disabled Bus များကိုပြေးဆွဲရန် Power Eleven Company ၏ YBS 21 ယာဉ်လိုင်းမှ စီစဉ်ကြိုးစားနေ ကြောင်း အဆိုပါယာဉ်လိုင်း၏ အုပ်ချုပ်မှု့ ဒါရိုက်တာ ဖြစ်သည့် ကိုတရုတ်လေးက ၄င်း၏Facebookတွင် ရေးသားထားသည်။ အဆိုပါယာဉ်များကို ပြေးဆွဲနိုင်ရန်အတွက် ဇန်နဝါရီ ၂၄ က ပြုလုပ်ခဲ့သည့် YRTA အစည်းအဝေးတွင် တင်ပြခဲ့ပြီး ခွင့်ပြုချက်ရသည်နှင့်ပြေးဆွဲမည်ဟုလည်းကိုတရုတ်လေး က The Ladies News ၏ ဆက်သွယ်မေးမြန်းမှု့ ကို ပြန်လည်ဖြေကြားပေးခဲ့သည်။

ကိုတရုတ်လေးမှာ YBS စနစ်သို့ မပြောင်းလဲမီ မထသ ခေတ်ကတည်းကပင် ၄င်း၏ မထသ ၄၅ ယာဉ်လိုင်းများ တွင် Air Con ပါဝင်သည့် အထူးယာဉ်များကို စွန့် ဦးတီ ထွင်ပြေးဆွဲခဲ့သူဖြစ်ပြီး ဆူးလေ-အင်းစိန်-ဒညင်းကုန်းလမ်း ကြောင်းတစ်လျောက်မှ ခရီးသွားပြည်သူများက ၄င်း၏ မထသ ၄၅ Air Con ကားများကို နှစ်သက်ခဲ့ကြသည်။ YBS စနစ်ကို စတင်ပြောင်းလဲခဲ့ချိန်၌လည်း သန့် ရှင်းသပ် ယပ်သည့် Power Eleven 21 အထူးသီးသန့် ယာဉ်များ ကို ပြေးဆွဲပေးခဲ့သည်။ အဆိုပါအထူးယာဉ်များမှာ မတ် တပ်ရပ်ခရီးသည်မတင်ဘဲ ထိုင်ခုံအပြည့်သာခရီးသည် တင်သလို ယာဉ်စီးခကိုလည်း ခရီးသည်များက မိမိတို့ ၏ အသိစိတ်ဓါတ်ဖြင့် ထည့်စေသည့်စနစ်ကို ကျင့်သုံးခဲ့ကာ မော်တင်-အင်းစိန်- အနောက်ပိုင်းတက္ကသိုလ်လမ်းကြောင်း ပေါ်မှ ခရီးသည်များနှစ်သက်သည့်ယာဉ်လိုင်းဖြစ်ခဲ့သည်။

YRTA အစည်းအဝေးတွင်တင်ပြခဲ့သလို ခွင့်ပြုချက်ရ သည်နှင့်ပြေးဆွဲရန်အဆင်သင့်ဖြစ်နေပြီဟု ကိုတရုတ်လေး က The Ladies News သို့ ပြောသည်။ အဆိုပါ Priority Seat ပါဝင်သည့် Disabled Bus ယာဉ်နှင့်ပတ်သက်၍ လည်း ကိုတရုတ်လေးက၄င်း၏ Facebook တွင်အောက် ပါအတိုင်းရေးသားထားသည်။


CREDIT

 
 
 

Comments


bottom of page