top of page

ဆယ်ကျော်သက်အရွယ် ကိုရီးယားမလေးတစ်ယောက်လို အထင်မှားသွားရစေမယ့် ထက်ထက်မိုးဦးရဲ့ ချစ်စရာပုံရိပ်လေးများ

  • Writer: channel85myanmar
    channel85myanmar
  • Jan 19, 2019
  • 1 min read

နိုင်ငံကျော် ရုပ်ရှင်မင်းသမီးချော ထက်ထက်မိုးဦးကတော့ ယနေ့တိုင်အောင် ပရိသတ်တွေရဲ့ရင်ထဲမှာ ချစ်ခြင်းမေတ္တာအပြည့်နဲ့ နေရာယူထားဆဲဖြစ်ပါတယ်။

တစ်ချိန်က ကြော်ငြာများစွာ ရိုက်ကူးခဲ့ရတဲ့ သူမက ကြော်ငြာဘုရင်မလို့တောင် တင်စားခေါ်ဝေါ်ခြင်းခံရသူဖြစ်ပြီး အများနဲ့မတူတဲ့ ချစ်စရာအပြုံးလေးတွေကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ထက်ထက်က အနုပညာအလုပ်တွေကို အနည်းငယ်သာ လုပ်ကိုင်နေတာ တွေ့ရပါတယ်။

အချိန်တွေအတော်ကြာအောင် ပြောင်းလဲသွားပေမယ့်လည်း ပရိသတ်တွေရဲ့အချစ်တော် ထက်ထက်ကတော့ ယခုချိန်ထိ မပြောင်းမလဲဘဲ နုပျိုနေဆဲ ဖြစ်ပါတယ်။

ကလေးမျက်နှာလေးနဲ့ ချစ်စရာကောင်းတဲ့ ထက်ထက်က လတ်တလောမှာ ကြော်ငြာတွေနဲ့ Photo shooting လေးတွေ အဓိကရိုက်ကူးနေတာ ဖြစ်ပါတယ်။ အခုလည်း ထက်ထက်က ဘိုမရုပ်လေးတစ်ရုပ်လို နုပျိုချောမောနေတဲ့ အလန်းစားစတိုင်လေးတွေနဲ့ ထွက်ပေါ်လာခဲ့ပြန်ပါတယ်။

ဂါဝန်အတိုလေးနဲ့ ကိုရီးယားမလေး တစ်ယောက်လို အထင်မှား အမြင်မှားဖြစ်သွားစေလောက်အောင် ချစ်စရာကောင်းနေတဲ့ ထက်ထက်က ပရိသတ်တွေရဲ့နှလုံးသားကို ထပ်မံဖမ်းစားလိုက်ပြန်ပါတယ်။

ဆံပင်ကောက်ကောက်လေးတွေနဲ့ လုံးဝကို အမိုက်စားဖြစ်နေတဲ့ ထက်ထက်ကတော့ ဆယ်ကျော်သက်လေးတွေ ရှုံးလောက်အောင် အလှပိုနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ထက်ထက်မိုးဦးရဲ့ အရမ်းကို နုပျိုလှပနေတဲ့ ချစ်စရာပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။


CREDIT

 
 
 

Comments


bottom of page