top of page

ရိုက်မှာစိုးလို့ ပြေးတဲ့သမီးကို အဝေးကြီးကနေ ဖိနပ်နဲ့လှမ်းထုတဲ့ မိခင်ရဲ့စွမ်းရည် (ရုပ်သံ)

  • Writer: channel85myanmar
    channel85myanmar
  • Jan 25, 2019
  • 1 min read

ဒေါသထွက်နေတဲ့ မိခင်ကြီးတစ်ယောက်ကတော့ သူမရဲ့ ဆယ်ကျော်သက်အရွယ် သမီးကို ပေ (၁၀၀)လောက် အဝေးကနေ ဖိနပ်နဲ့လှမ်းထုခဲ့ရာ ကွက်တိမှန်သွားခဲ့ပါတယ်။ သမီးဖြစ်သူက အပြစ်တစ်ခုခုကြောင့် မိခင်ရိုက်မှားစိုးလို့ ထွက်ပြေးခဲ့တာပါ။

မိခင်ဖြစ်သူကလည်း ဒီအတိုင်း အလေ့အကျင့်များတော့ လက်စမှန်နေပုံရပြီး၊ မရပ်မနားပြေးနေတဲ့ ပစ်မှတ်အရှင်ကိုတောင် ဒေါင်ခနဲ့မြည်အောင် ဖိနပ်နဲ့ထုနိုင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ မက္ကဆီကိုမှာ ဖြစ်ခဲ့တာပါ။ မိခင်ဖြစ်သူဟာ သမီးနဲ့ အချင်းများခဲ့ကြတယ်လို့ သိရပါတယ်။


အဲဒီနောက် မိခင်ဖြစ်သူက ရိုက်မယ်အလုပ်မှာ သမီးက ထွက်ပြေးခဲ့တာပါ။ မိခင်ကလည်း ညှပ်ဖိနပ်ကို ချွတ်ပြီး မီတာ(၃၀)အဝေးကို ရောက်နေပြီဖြစ်တဲ့ သမီးကို ကွက်တိမှန်အောင် လှန်းထုခဲ့ပါတယ်။ တွစ်တာအသုံးပြုသူတစ်ဦးက “ညှပ်ဖိနပ်မှာ ရေဒါ တပ်ထားပုံပဲ “လို့ နောက်ခဲ့ပါသေးတယ်။

ဗွီဒီယိုရိုက်ကူးခဲ့သူဟာ အိမ်ထောင်ဦးစီးဖခင် ဖြစ်ပုံရပြီး၊ “ရိုက်စမ်း လိုက်ရိုက်စမ်း … “ဆိုပြီး မိခင်ကို မြှောက်ပေးခဲ့ပါသေးတယ်။ ဖိနပ်ကတော့ ကလေးမလေးရဲ့ ပခုံးကို မှန်တာဖြစ်လို့ နာတာတော့ သိပ်မနာလောက်ပါဘူး။ အဲဒီဗွီဒီယိုကို ဝင်ကြည့်သူ (၁.၃)သန်းအထိ ရှိခဲ့ပါတယ်။


Credit – လင်းဇော်ကို (MyanmarNote)




 
 
 

Comments


bottom of page